Saturday, March 23, 2013

Android Dive တွေကို PC နဲ့ချိတ်ဆက်ရာမှာ ဆောင်ထားသင့်တဲ့ PC Suite

ဒီခေတ်မှာ အလယ်အလတ်နဲ့ အထက်တန်းလွာတစ်ချို့ အပါအ၀င် တော်တော်များများရဲ့ လက်ထဲမှာ Android Device လေးတစ်ခုစီတော့ ရှိကြလိမ့်မယ်ထင်ပါတယ်.. ကျွန်တော်အပါအ၀င် မိတ်ဆွေတော်တော်များမျာဟာလည်း ရှိနေတဲ့ Android Device လေးကို ဒီအတိုင်း အလှတော့ မထားကြပါဘူး... ကလိလိုက်၊ ဆွလိုက်တော့ လုပ်နေကြတာပါပဲ.. ဖုန်းရှိရင်လည်း ဖုန်းပေါ့.. Tablet ရှိရင်လည်း Tablet ပေါ့ဗျာ.. ဒီတော့ မျိုးစုံကလိရင်း အားမရလို့ PC နဲ့ပါ တွဲကလိချင်သူတွေရော၊ Service လုပ်တဲ့ မိတ်ဆွေများရော PC Suit လေးတွေကို ဆောင်ထားလေ့ရှိကြပါတယ်.. Service သမားတော်တော်များများ လက်ကိုင်ထားလေ့ရှိတဲ့ PC Suite နဲ့ User မိတ်ဆွေများ ဆောင်ထားသင့်တဲ့ PC Suit များကိုတင်ပြပေးလိုက်ပါတယ်..

2. MobileGo

Wondershare ကထုတ်တဲ့ MobileGo ဟာ လက်ရှိ ကမ္ဘာ့ထိပ်တန်းမှာ စာရင်းဝင်နေပါတယ်.. Android App တွေကို Android Device ထဲကို ထည့်သွင်းဖို့ သုံးကြပါတယ်.. ဒါ့အပြင် Android Device တွေထဲက Data တွေဖြစ်တဲ့ Photos, Videos, Audio, SMS, MMS, Contacts တွေနဲ့ App တွေကို Backup လုပ်နိုင်ပါတယ်.. Backup လုပ်ထားတာတွေကိုလည်း Restore လုပ်နိုင်ပါတယ်.. လိုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်..

2. 91 PC Suite

91 PC Suite က Free ရတဲ့ Software ဖြစ်ပါတယ်.. MobileGo လိုပဲ PC ကတစ်ဆင့် Android Device ဆီကို ချိတ်ဆက်ပြီး Data တွေကို Backup လုပ်မယ်.. App တွေကို Install လုပ်မယ်.. MobileGo ထက်သာတာတစ်ခုက PC ကိုသာ Internet ချိတ်ထားရင် လိုအပ်တဲ့ Android Device အတွက် Driver ကို အလိုအလျောက် ရှာဖွေ တင်ပေးသွားတာပါပဲ..  လိုချင်ရင်တော့ အောက်က လင့်မှာ ဒေါင်းနိုင်ပါတယ်..

Download From Mediafire or Zippyshare

3. MoboRobo

Free ရတဲ့ PC Suite ဖြစ်ပြီး တော်တော်များများ အသုံးများပါတယ်.. အပေါ်က PC Suite တွေနဲ့ လုပ်ဆောင်ချက်ချင်းတူညီပြီး တရုတ်က ပေးတဲ့ တစ်ခြားတွဲဘက် App တွေကို အလကားရတာက ဒီ Software ရဲ့ အားသာချက်တစ်ခုပါ.. လိုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်..
4. Odin
Odin ကတော့ Samsung Device တွေအတွက် သီးသန့်ထုတ်လုပ်ထားတာပါ.. သူ့ဗားရှင်းအလိုက် အသုံးပြုနိုင်တဲ့ Device ချင်းမတူပါဘူး.. Samsung သမားတွေကတော့ Odin ကိုလက်ကိုင်ထားလေ့ရှိကြပါတယ်..
Odin ဗားရှင်းအလိုက် Support ပေးတဲ့ Device စာရင်းနဲ့ ဒေါင်းလို့ရမယ့်နေရာကိုတော့ အောက်မှာပေးထားပါတယ်..

အပေါ်ကလင့်မှာ 4shared ကတင်ထားတာများပါတယ်.. သာမန်အားဖြင့် 4shared မှာဒေါင်းဖို့ဆိုရင် သူ့ဆီမှာ Register လုပ်ပြီးသားဖြစ်ရပါမယ်.. မဒေါင်းခင် Login ၀င်ထားရပါတယ်.. ဒါမှ ဒေါင်းလို့ရမှာပါ.. ကျွန်တော့်ဆီမှာ ဘာမှ လုပ်စရာမလိုဘဲ 4shared က ဒေါင်းလော့လင့်ကို ကူးပြီး အကွက်မှာချ .. Generate ကိုနှိပ်ရုံနဲ့ ချက်ချင်းဒေါင်းနိုင်မယ့်လင့်ကို ဒီမှာ ပြထားပါတယ်..

အထက်မှာဖေါ်ပြခဲ့တဲ့ PC Suite တွေကတော့ အသုံးများတဲ့ PC Suite တွေဖြစ်ပြီး ကိုယ်အားသန်ရာ၊ ကျွမ်းကျင်ရာ PC Suite တွေကိုလည်း သုံးကြပါသေးတယ်..
ကျွန်တော်သိသလောက်ကတော့ MOBILedit, Droid Explorer, AndroidPC, Mobisynapse, Android Commander, QtaTB, Android Synac Manager, FutureDial Suite စတဲ့ ဆော့ဖ်ဝဲတွေပဲဖြစ်ပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက်

No comments:

Post a Comment