Wednesday, March 27, 2013

ပည်တွင်းသို့ ဝင်ရောက်ခဲ့သော နည်းပညာမြင့် Android OS ဖုန်း ၁၀ လုံးအကြောင်း

၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်တွင်း ဈေးကွက်ထဲကို နည်းပညာမြင့်ဖုန်းတွေ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။  ဒီဖုန်းတွေထဲကမှ Android OS စနစ်သုံး ဖုန်းတွေဟာ  ဈေးကွက်ထဲမှာ လက်ရှိအချိန်ထိ လူသုံးများ လူကြိုက်များလျက် ရှိတဲ့အပြင် Android OS ဖုန်းတွေဟာလည်း ပြည်တွင်း ဈေးကွက်ထဲကို အများအပြား ဝင်ရောက် လာနေခဲ့ပါတယ်။  လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Android OS စနစ်သုံး ဖုန်းတွေထဲကမှ လူသုံးများ၊ လူကြိုက်များနေတဲ့ Brand တွေဖြစ်တဲ့ Samsung, Sony, HTC, LG အစရှိတဲ့ Brand  တွေထဲက လူကြိုက်များနေတဲ့ နာမည်ကြီးဖုန်း ၁၀ လုံးရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

1. HTC Butterfly
HTC ရဲ့ Butterfly ဟာ ပြည်တွင်းဈေးကွက်ထဲမှာ လက်ရှိအချိန် လူမေးများ၊ လူကြိုက်များနေတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းဟာ မြန်မာစာစနစ်အတွက် Original ပါဝင်နေတဲ့အပြင်  ဖုန်းရဲ့ ကွန်ရက်စနစ်ဖြစ်တဲ့ IMEI ဟာလည်း မြန်မာ IMEI စနစ် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ပါးလွှာမှု Quard-core CPU ရဲ့ မြန်ဆန်မှုတွေကြောင့်လည်း လူကြိုက်များတဲ့ဖုန်းပါ။ ဒီဖုန်းဟာ Quad-core 1.5 CPU, Andreno 320GPU စနစ်တွေ ပါဝင်ပြီး ကင်မရာကတော့ 8 Megapixel ကင်မရာ ဖြစ်ပါတယ်။ OS ကတော့ Android OS Version 4.1.1 ဖြစ်ပြီး Screen Size ကတော့ ၅.ဝ လက်မရှိတဲ့အတွက် အရွယ်အစားကလည်း ကောင်းမွန်ပါတယ်။ အလေးချိန်ကတော့ 140g ဖြစ်တဲ့အတွက်  ပေါ့ပါးတယ်လို့ ဆိုရမယ့် ဖုန်းပါပဲ။ GSM စနစ်သုံး ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ 2G, 3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။
2. LG Nexus 4
Android OS စနစ်သုံး ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဖုန်းကတော့ Google ရဲ့ Service တွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတဲ့ ဖုန်းဖြစ်ပါတယ်။ CPU က Quad-core 1.5 GHz  Krait CPU ကို အသုံးပြုပေးထားတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်ပိုင်းတွေ ကောင်းမွန်ပါတယ်။ GSM 2G, 3G စနစ်သုံး ဖုန်းအမျိုးအစား ဖြစ်ပြီး Screen ကတော့ 4.7 True HD IPS Plus Screen ဖြစ်ပါတယ်။ ကင်မရာကတော့ 8 Megapixel ရှိပြီး ဂရပ်ဖစ် GPU ကလည်း Adreno 320 GPU ဖြစ်တဲ့အတွက် ဂရပ်ဖစ်စနစ်ပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ Google ရဲ့ အွန်လိုင်း Service တွေကို အဓိကထား အသုံးပြုနိုင်မယ့်ဖုန်းပါ။
3. Sony Xperia T
ဒီဖုန်းကလည်း Sony ရဲ့ နာမည်ကြီး Android OS စနစ်သုံး ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Sky Fall လို့ လူသိများတဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး Sky Fall ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Android OS Version 4.0.4 ကို အသုံးပြုပေးထားပြီး 4.12 Jelly Bean ထိ မြှင့်တင်နိုင်တဲ့ဖုန်းပါ။ Screen  ကတော့ TFT Capacitive Touch Screen ဖြစ်ပြီး Screen အရွယ်အစားကတော့ ၄.၅၅ လက်မ ရှိပါတယ်။ CPU ကတော့ Dual-core 1.5 GHz Krait CPU ကို အသုံးပြုထားတာဖြစ်ပြီး Adreno 225 GPU ပါဝင်ပါတယ်။ နာမည်ကြီး ဖုန်းတစ်လုံး ဖြစ်တာနဲ့အညီ ကင်မရာကလည်း ကောင်းမွန်ပါတယ်။ 13 Megapixel ရှိတဲ့ ကင်မရာ ပါဝင်ပြီး အကြမ်းခံနိုင်တဲ့ Screen နဲ့ BRAVIA Engine တွေ ပါဝင်တဲ့ဖုန်းပါ။

4. HTC One X+
HTC Butterfly ပြီးရင်တော့ လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ HTC Brand ထဲက တစ်ခုပါ။ အရွယ်အစား နဲ့ CPU ကြောင့်ပဲ လူကြိုက်များ လူသိများနေတဲ့ ဖုန်းပါ။ CPU ကတော့ Quad-core 1.7 GHz ရှိတဲ့အပြင် Screen အရွယ်အစားကလည်း  ၄.၇ ရှိပါတယ်။ ကင်မရာကတော့ 8 Megapixel ရှိတဲ့အတွက်  နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းတွေထဲမှာတော့ ပုံမှန်ကင်မရာလို့ပဲ ပြောရမှာပါ။ Screen ကတော့ Super LCD2 အမျိုးအစား ဖြစ်ပါတယ်။ ဂရပ်ဖစ် GPU ကလည်း ULP GeForce 2 GPU ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
5. Sony Xperia Acro S
ဒါကလည်း  လူကြိုက်များတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Sony ရဲ့ နည်းပညာမြင့် ဖုန်းတွေထဲမှာ ရေစိုခံခြင်း၊အကြမ်းခံခြင်းတွေကြောင့် လူကြိုက်များနေတဲ့ ဖုန်းပါပဲ။ Screen အရွယ်အစားကတော့ 4.3 လက်မရှိပြီး LED Backlight LCD အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာစနစ်ပိုင်း မြင့်မားခြင်းကြောင့်လည်း လူကြိုက်များနေပြီး ကင်မရာကတော့ 12 Mega Pixel ရှိပါတယ်။ OS ကတော့ Android OS Version 4.0 ဖြစ်ပါတယ်။ 4.1 ကိုလည်း ဗားရှင်းမြှင့်တင်နိုင်မှာ ဖြစ်သလို CPU ကလည်း Dual-core 1.5 GHz ဖြစ်ပါတယ်။ ဂရပ်ဖစ် GPU ကတော့ Adreno 220 ပါ။ GSM စနစ်သုံးဖုန်းဖြစ်ပြီး 2G, 3G ကွန်ရက် နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။
6. Samsung Galaxy Note II
Samsung ရဲ့ နာမည်ကြီး ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်ပိုင်းတွေ ကောင်းမွန်ခြင်းအပြင် ဖုန်းရဲ့ Screen Resolution ကောင်းမွန်ခြင်း၊ ပုံရိပ်မြင်ကွင်းတွေ ကောင်းမွန်ခြင်းတွေကြောင့် လူကြိုက်များနေတဲ့ ဖုန်းပါ။ CPU ကလည်း မြင့်မားတဲ့အပြင် Touch Pen စနစ်နဲ့ S Note စနစ်တွေ ထူးထူးခြားခြား ပါဝင်နေတာကြောင့်လည်း  စိတ်ဝင်စားမှု  အများဆုံး ရရှိနေတဲ့ဖုန်း ဖြစ်ပါတယ်။ Screen Size နဲ့ ဖုန်းရဲ့ အရွယ်အစားက ကြီးမားလွန်းနေပေမယ့် ကျစ်ကျစ်လျစ်လျစ် ရှိနေပြီး Super AMOLED Screen နဲ့ Mali-400MP GPU စနစ်တွေကြောင့် ရုပ်ထွက်ပိုင်းမှာလည်း ကောင်းမွန်လှတဲ့ ဖုန်းပါ။ ကင်မရာကတော့ 8 Megapixel ရှိတဲ့အတွက် ပုံမှန်ကောင်းမွန်တဲ့ ကင်မရာလို့ပဲ ဆိုနိုင်ပါတယ်။
7. Samsung Galaxy Grand
ဒီနှစ်ထဲမှာမှ ပြည်တွင်းကို ဝင်ရောက်လာတာ ဖြစ်ပြီး Note II ရဲ့ နောက်မှာမှ ထွက်လာခဲ့တဲ့ ဈေးနှုန်းသင့်တဲ့ နည်းပညာဖုန်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီဖုန်းမှာတော့ CPU Dual-core 1.2GHz, Android OS Version 4.1.2 တွေနဲ့  ဖွဲ့စည်းထားတဲ့အပြင် ကင်မရာကလည်း 8 Megapixel ရှိတဲ့အတွက် ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ Screen အရွယ်အစားကလည်း ၅.၀ လက်မပါ။ ဒီဖုန်းဟာ နည်းပညာမြင့် ဖုန်းတစ်လုံးဖြစ်ပေမယ့် သင့်တင့်တဲ့ တန်ဖိုးနဲ့ အသုံးပြုနိုင်စေဖို့ ရည်ရွယ်တဲ့အတွက် Screen စနစ်ပိုင်းနဲ့ ဂရပ်ဖစ် GPU စနစ်ပိုင်းတွေမှာတော့ လျှော့ချမှုတွေ ရှိနေခဲ့တာ တွေ့ရပါတယ်။

8. Sony Xperia SL
အကြမ်းခံ Screen နဲ့ Pixel Resolution မြင့်မားတဲ့ ကင်မရာစနစ်တွေ ပေါင်းစပ်ဖွဲ့စည်းပေးထားတဲ့ နည်းပညာဖုန်းတစ်လုံး ဖြစ်ပါတယ်။ Brevia Engine နဲ့ LED Backlit LCD စနစ်တွေကြောင့် နေရောင်ထဲမှာ ကြည့်ရှုတဲ့ အချိန်မှာတောင် ဖုန်းရဲ့ Screen က မည်းသွားခြင်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ကင်မရာက 12 Megapixel ရှိပြီး 4000×3000 Pixel ထိ ရရှိနိုင်ပါတယ်။ CPU ကတော့ Dual-core 1.7GHz CPU ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Android OS Version 4.0.4 ကို အသုံးပြုပေးထားတဲ့ ဖုန်းပါ။
9. LG Optimus 4X HDCPU
စနစ်ပိုင်း မြင့်မားကောင်းမွန်ခြင်းနဲ့ LG ရဲ့ Screen စနစ် ကောင်းမွန်ခြင်းတွေကို ပေါင်းစပ် ဖွဲ့စည်းထားတဲ့ နည်းပညာဖုန်းတစ်လုံးပါ။  GSM  ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပြီး OS ကလည်း Android OS Version 4.0 ဖြစ်ပါတယ်။ Screen ကတော့ ၄.၇ လက်မရှိပြီး True HD-IPS LCD ကို အသုံးပြုထားတာပါ။ CPU ကလည်း Quad- core 1.5GHz Cortex-A9 CPU ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကင်မရာကတော့ 8 Mega Pixel ရှိတဲ့ ကင်မရာ ပါဝင်တဲ့အတွက်  နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းတွေထဲမှာတော့ ပုံမှန်ကင်မရာစနစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
10. HTC One X
ဖုန်းရဲ့ အရွယ်အစားနဲ့ CPU စနစ်ပိုင်းတွေ၊ Screen စနစ်ပိုင်းတွေမှာ နည်းပညာ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခု ဖြစ်ပါတယ်။   Quad-core  1.5GHz CPU ရဲ့  မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ၊ ULP GeForce GPU ရဲ့ကောင်းမွန်တဲ့ ဂရပ်ဖစ် ရုပ်ထွက်ပိုင်းတွေအပြင် Super IPS LCD2 Screen ရဲ့ ဖန်တီးမှုတွေကြောင့် အရည်အသွေးပြည့်ဝတဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ ကင်မရာကတော့ 8 Megapixel ပဲဖြစ်ပြီး OS ကတော့ Android OS Version 4.0 ကို အသုံးပြုထားပါတယ်။

Ref & Credit to Internet Journal

1 comment:

  1. အကို galaxy s advence ကို version 4.1.2 ကိုတင် လိုက် တယ် ။ အဆင် တွေ အားလုံး အောင် မြင် တယ်..။ဒါပေမဲ့ ဖုန်းရဲ့ Network ပျောက်နေတယ် ဗျာ..။ဆင့်ကဒ် လဲကြည် တော့ လည်းမရဘူး.......IMEI နံပါတ်ကိုလည်း ဖော် မရဘူး. IMEI နံပါတ်လည်းဖော် မရဘူး။ .။ Baseband version မှာ လည်း Unknown လို့ ပဲပေါ်တယ် ။။ network ကို သိအောင် ဘယ် လို လုပ် ရမလဲ ... ခင် ဗျာ .. ကျေး ဇူးပြုပြီ .... ကူညီပါ ဦး....

    ReplyDelete