Saturday, March 23, 2013

စမတ်ဖုန်းအသုံးပြုသူစိတ်ကျေနပ်မှုစစ်တမ်းကောက်ချက်အရ Apple နဲ့ Nokia ထိပ်ဆုံးမှာနေရာယူထား။

Apple ဟာ Nokia နဲ့တခြားနာမည်ကြီးဖုန်းကုမ္ပဏီတွေထက်ရမှတ်အသာစီးနဲ့ J.D. Power & Associates ရဲ့ စမတ် ဖုန်းအသုံးပြုသူစိတ်ကျေနပ်မှုအဖြစ်ဆုံးဆုကိုဆွတ်ခူးရရှိခဲ့ပြီး၊ ဒီဆုနဲ့ဆိုရင် Apple ဟာ ၉ နှစ်ဆက်တိုက်ဆုရရှိခဲ့တာဖြစ် ပါတယ်။ အမျိုးအစားတစ်ခုကို ရမှတ် ၀ ကနေ ၁၀၀၀ အတွင်းပေးပြီး စွမ်းဆောင်ချက်ကောင်းမွန်မှု၊ ပစ္စည်းအပြင်ဒီဇိုင်း၊ ပါဝင်တဲ့ features၊ အသုံးပြုရလွယ်ကူမှုတို့ကိုကြည့်ပြီးအမှတ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ Apple ဟာ အမြင့်ဆုံးရမှတ် ၈၅၅ မှတ်နဲ့ ပြိုင်ပွဲမှာအပြတ်အသတ်အနိုင်ရရှိသွားခဲ့ပါတယ်။ စမတ်ဖုန်းအသုံးပြုစိတ်ကျေနပ်မှုအရှိဆုံးပျမ်းမျှရမှတ် ၁၀၀၀ မှာ ၇၉၆ မှတ်ရရှိခဲ့ပြီး၊ ၂၀၁၂ ကထက် ၂၆ မှတ်ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ 
Apple ကုမ္ပဏီပြီးရင်တော့ Nokia က ၇၁၄ မှတ်နဲ့ဒုတိယအမှတ်အများဆုံးဖြစ်ပြီး၊ Apple ထက် ၁၄၁ မှတ်လျော့နေ ပါတယ်။ Nokia နောက်မှာတော့ Samsung, Motorola, HTC, LG နဲ့ BlackBerry တို့ကအစဉ်လိုက်ရပ်တည်နေကြပါတယ်။ LG ဟာ ရိုးရိုးသာမန် မိုဘိုင်းလ်ဖုန်းတွေကြားမှာ ရမှတ် ၇၁၉ မှတ်နဲ့အသုံးပြုသူတွေပေးတဲ့အမှတ်အများဆုံးဆုရရှိခဲ့ပါတယ်။ တစ်ချိန်တုန်းက ဈေးကွက်ကိုဦးဆောင်ခဲ့တဲ့ BlackBerry ကတော့ ၇၃၂ မှတ်သာရရှိပြီး အမှတ်ပေးဇယားအောက်ပိုင်း ကိုရောက်သွားခဲ့ပါတယ်။ Samsung က ၇၉၃ မှတ်ရရှိပြီး အမှတ် ၇၉၀ ရရှိတဲ့ HTC ထက် အနည်းငယ်အမှတ်သာသွားတယ် လို့သိရှိရပါတယ်။ 
Apple ဟာ iPhone ရဲ့ပြင်ပဒီဇိုင်းနဲ့ အသုံးပြုရလွယ်ကူမှုအတွက် အမြင့်ဆုံးရမှတ်ရရှိခဲ့တာဖြစ်ပြီး၊ Power Circle Rating metric စနစ်မှာလည်း အမှတ်ပြည့် ၅ မှတ်ရရှိထားပါတယ်။ J.D. Power ကနေ စမတ်ဖုန်းအသုံးပြုသူ အရေအတွက် ၉၅၀၀ ပေါ်မှာ စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

No comments:

Post a Comment