Sunday, March 24, 2013

မိုဘိုင်းလောကဟာသလေးပါ။အမောပြေပေါ.. :D :D

ဟာသလေးတွေလို.တင်လိုက်ပါတယ် :D :D
 သို့ ဘကြီးသိန်း

ကျွန်တော် ရိုသေစွာစာရေးလိုက်ပါတယ်။

Samsung ဖုန်းတွေ တစ်ခုပြီးတစ်ခု ထုတ်နေသလို ဖုန်းကဒ်သတင်းတွေလဲ
တစ်ခုပြီးတစ်ခုကို ကြားနေရပါတယ်။ တကယ် ဈေးချမှာလား ဘကြီးသိန်း။
iphone လို ဈေးကြီးပေးရအောင်တော့ မလုပ်ပါနဲ့ဗျာ။ Android လို လူတိုင်းတတ်နိုင်အောင် စီစဉ်ပေးပါနော်။ အဆင့်တန်းမခွဲပါနဲ့ ဘကြီးသိန်းရယ်။ Huawei လို ဈေးပေါပေါနဲ့ပဲ သုံးပါရစေ။ Nokia လို အရင်က ဖုန်းဘုရင် အခုတော့ ဘာအရာမှမထင် ဖြစ်အောင်တော့ လုပ်နဲ့နော်။ တန်ဖိုးနည်း ဖုန်းကဒ်တွေကို S4 လို အပြတ်ရှိုး ချင်နေပြီ။
မြန်မာပြည်အတွက်ပါဆိုပြီး HTC Butterfly လို ဈေးကြီးတာကြီး ထုတ်မပြနဲ့နော်။ ကျွန်တော်တို့က Java လို အနိမ့်ပိုင်းထဲကမို့ပါ။ မ၀ယ်နိုင်ရင်တောင် ကိုင်ကြည့်ခွင့်မရတဲ့ Note 2 ကိုအဝေးက ကြည့်နေရမယ့်အဖြစ်မျိုး ထပ်မကြုံပါရစေနဲ့တော့။ တန်ဖိုးကြီးတွေကို Cut the Rope လို အပြတ်သာ ဖြုတ်ပစ်ဗျာ။ ဖြစ်နိုင်ရင် free version လိုမျိုး အလကားသာ ပေးလိုက်စေချင်ပါတယ်။ ဘကြီးသိန်းရယ် စာဥလေးက အကြော်ရောင်းရင်း GSM လေးကိုင်ပြီး Angry Bird ဆော့ချင်နေရှာတယ်။

ဘကြီးသိန်းရယ် .. 3G ပေါ်နေပြီး connection မကောင်းတဲ့ အယူဆဟောင်းတွေကို ရှိနေသေးတယ်ဗျာ။ wifi ကို လက်ဖက်ရည်ဆိုင်မှာ သွားသုံးရတာလဲ မောလှပါပြီ။ မျှော်လင့်စောင့်စားနေကြတာပါ ဘကြီးသိန်း။
မြန်မာပြည်မှာ Play Store သုံးလို့ရပြီလို့ ပြောလိုက်တာနဲ့ နိုင်ငံခြားသားတွေ တ ၀ါးဝါး ရယ်နေမလားမသိဘူး။ သူတို့အတွက်ကတော့ ဟာသ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ တန်ဖိုးရှိတဲ့ update version လေးပါပဲဗျာ။ Youtube ကို loading မကြာပဲ ကြည့်ရပါလို၏ လို့ ညတိုင်း ဘုရားမှာ ဆုတောင်းနေရပါတယ် ဘကြီးသိန်းရယ်။
MPT ရဲ့ အရှည်ကောက်တောင် အသစ်ဖြစ်နေပြီဆိုပဲ။ ဘာတဲ့ .. မြန်မာ .. ပလီပလာ .. တည်နေရာ တဲ့။ ပြောကုန်ကြပြီ ဘကြီးသိန်း။ ဖုန်းကဒ်တွေကို Dual Core လို နှစ်ဆတိုးနဲ့ မ၀ယ်ပါရစေနဲ့ဗျာ။ Quad Core ရဲ့ speed နှုန်းနဲ့ အမြန်သာ ထိုးပေးလိုက်ပါတော့။ History အညစ်အကြေးတွေကို Cache Cleaner နဲ့ အပြတ်သာ ရှင်းလင်းလိုက်စမ်းပါ။ Jelly Bean လို အမြင်ရှင်းရှင်း ဖြစ်စေချင်လှပါပြီ။ လိုအပ်ရင် Root tool နဲ့ အမြစ်ပါ တူးပစ်ဗျာ။ ဒါပါပဲ ဘကြီးသိန်း။ ကျွန်တော်တို့ တစ်နိုင်ငံလုံး တန်ဖိုးနည်း ဖုန်းကဒ်တွေကို ဘယ်အချိန် download ဆွဲရမလဲ စောင့်စားနေပါတယ်။
file size လေးတော့ အတတ်နိုင်ဆုံး ချုံ့ပြီး ချပေးလိုက်ပါဗျာ။

ရိုသေစွာဖြင့် ..

Ref & Credit To > ပျော်ရွင်စရာ Android ကမ္ဘာ

No comments:

Post a Comment