Monday, March 4, 2013

"facebook စာမျက်နှာ Like တက်စေသည့် ဆော့ဖ်ဝဲများသုံးခြင်း အန္တရာယ်ရှိ"

မိမိတို့၏ facebook စာမျက်နှာများဝယ် ကြိုက်နှစ်သက်သူများပြားလာစေသည့် ဆော့ဖ်ဝဲများ အသုံးပြုခြင်းသည် အန္တရာယ်မကင်းကြောင်း အိုင်တီ ကျွမ်းကျင်သူတို့ကထောက်ပြကြသည်။

facebook စာမျက်နှာများဝယ် Like တက်စေသော ဆော့်ဖ်ဝဲအမျိုးမျိုးရှိကြပြီး၊ ယင်းတို့ကို အခမဲရယူနိုင်သည့်ပြင် အသုံးပြုရန်လည်း လွန်စွာလွယ်ကူလှသောကြောင့် အချို့သော စာမျက်နှာပိုင်ရှင်များက ယင်းဆော့ဖ်ဝဲများကို အသုံးပြုလျှက်ရှိကြသည်။

ယင်းဆော့ဖ်ဝဲများမှာ မိမိကွန်ပျူတာမှပင် အသုံးပြုနိုင်သည့်ဆော့ဖ်ဝဲနှင့် အွန်လိုင်းမှ အသုံးပြုရသော ဆော့ဖ်ဝဲဟူ၍ နှစ်မျိုးကွဲပြားနေသော်လည်း အဆိုပါဆော့ဖ်ဝဲများသည် facebook ၏ အားနည်းချက်ဟာကွက်ကို တရားမ၀င် အသုံးချခြင်းဖြစ်သည်။

Like တက်နှုန်း ပုံမှန်ထက်များစွာမြန်ဆန်လာလျှင် facebook မှ ယင်းစာမျက်နှာအား ပြန်လည်စစ်ဆေးလေ့ရှိပြီး၊ မိမိ Like မလုပ်ပဲ Like ဖြစ်နေကြောင်း တိုင်ကြားသူများရှိလာလျှင်မူ facebook မှ ယင်း စာမျက်နှာအား ယာယီပိတ်ပြီး ပြန်လည်စစ်ဆေးမည်ဖြစ်သည်။

"အမှန်က hijacked account(ခိုးထားတဲ့အကောင့်)တွေကို greasemonkey(Firefox တွင် အသုံးပြုရသည့် ဆော့ဖ်ဝဲ)အတွက် userscript ရေးပြီး loop ပတ်ပစ်တာပါပဲ အဲဒါကို အသုံးရလွယ်အောင်လုပ်ထားပြီး autolike ဘာညာပြောနေကြတာ" အိုင်တီကျွမ်းကျင်သူတစ်ဦးကပြောသည်။

"တစ်ခုတော့ရှိတယ် fb က suspect ဖြစ်ရင်တော့
hijacked account တွေကို ပြန်စစ်လိမ့်မယ်ခုတလော တချို့ page တွေ နဲ့ အကောင့်တွေ report ထိတာလည်း အဲဒီလိုပဲ zombie တွေနဲ့ auto ဗျင်းနေကြတာ" ဟု သူကဆက်ပြောပါသည်။

ထို့အပြင် ယင်းဆော့်ဖ်ဝဲများအနက် အချို့သည် အသုံးပြုသူ၏ ကွန်ပျူတာအတွင်းသို့မသမာသော ကွန်ပျူတာပရိုဂရမ်များ ထည့်သွင်းတတ်လေ့ရှိသောကြောင့် မိမိကွန်ပျူတာအတွက် လွန်စွာအန္တရာယ်ရှိကြောင်း အင်တာနက်စာမျက်နှာအချို့တွင်ဆိုထားသည်။

facebook ၏ အားနည်းချက်ဟာကွက်များကို facebook တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျွမ်းကျင်သူပညာရှင်တို့က သိရှိလျှင် သိရှိခြင်း အမြန်ဆုံးပြင်ဆင်လျှက်ရှိကြသည်။

ref: mashable.com, businessinsider.com

အေးချမ်းမွန်မှ ( Popular Myanmar News Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

1 comment:

  1. Blog lote nee lay pdf nae tin pay lo ya ma lar bro
    blog lote nee a pyae a sone lay pop

    ReplyDelete