Saturday, March 23, 2013

Firefox OS သုံး smartwatch ဘယ်အချိန်ထွက်ရှိလာမှာလဲ။

Firefox OS သုံး tablet ကိုအသုံးပြုရတော့မယ်ဆိုတဲ့ ကောလာဟလမျိုးတော့မထွက်ရှိလာသေးပေမယ့် Firefox OS သုံး smartwatch နဲ့ပတ်သက်တဲ့ကောလာဟလတွေထွက်ရှိလာပါတယ်။ 
Apple နဲ့ Samsung ကုမ္ပဏီတို့ဟာ စမတ်နာရီတွေထုတ်လုပ်နေကြတယ်ဆိုတဲ့ ကောလာဟလတွေထွက်ရှိနေခဲ့ပါ တယ်။ ဒါပေမဲ့ စမတ်နာရီတွေထုတ်လုပ်ဖို့စီစဉ်နေတဲ့အထဲမှာ ဒီကုမ္ပဏီ ၂ ခုသာမဟုတ်ဘဲ တရုတ်ကုမ္ပဏီတစ်ခုကလည်း Firefox OS သုံး စမတ်နာရီထုတ်လုပ်ဖို့ အလားအလာရှိနေတယ်လို့သိရှိရပါတယ်။ 
E-readers တွေနဲ့ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Android OS သုံး smartwatch ကြောင့် လူသိများလာသော Guoke (ခေါ်) Shanda တရုတ်နည်းပညာအဖွဲ့ခွဲဟာ Bambook Smart Watch ဆိုတဲ့ စမတ်နာရီကို လာမယ့်ဇွန်လမှာ ထုတ်လုပ်ရောင်းချဖို့စီစဉ်နေတယ်လို့သိရပါတယ်။ TechNode ရဲ့ဖော်ပြချက်အရ Bambook စမတ်နာရီဟာ အမျိုးအစား ၂ မျိုးနဲ့ထွက်ရှိမှာဖြစ်ပြီး တစ်မျိုး က Android OS သုံးစမတ်နာရီနဲ့ နောက်တစ်မျိုးက Firefox OS သုံး စမတ်နာရီ ဖြစ်ပါတယ်။ ထွက်ရှိနေတဲ့သတင်းတွေအရ ၄င်းနာရီမှာ ဒေါ်လာ ၁၀၀ ကျော်တန်ဖိုးရှိမှာဖြစ်ပြီး e-ink screen ကိုအသုံးပြုထားမယ်လို့ သိရှိရပါတယ်။ 
Samsung လိုပဲ Shanda ဟာလည်း e-link screens တွေနဲ့ Web services တွေအပါအ၀င် နေရာတော်တော် များများမှာနေရာယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Bambook smartwatch ဟာ Shanda ကုမ္ပဏီအတွက် ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုဖြစ်နိုင်ဖွယ်ရှိတယ်လို့ Tech in Asia ကသုံးသပ်ထားပါတယ်။ ၄င်း smartwatch ဟာ e-book တွေ၊ တခြား digital literature တွေကိုဖတ်နိုင်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံမှာလူကြိုက်များတဲ့ Shanda ပိုင် multiplayer games တွေကို update လုပ်နိုင်မှာဖြစ်သလို၊ Shanda note-taking app က reminders တွေကို synchronize လုပ်နိုင်မှာဖြစ် တယ်လို့သိရပါတယ်။ 
Bambook စမတ်နာရီမှာ Firefox OS ကိုသာအသုံးပြုမယ်ဆိုရင်၊ စမတ်ဖုန်းအသေးစားတစ်လုံးလိုမျိုး အသုံးပြုနိုင် မှာဖြစ်ပြီး Firefox bookmarks တွေ၊ သိပ်မကြာသေးတဲ့အချိန်ကကြည့်ရှုခဲ့တဲ့ sites တွေနဲ့ passwords တွေကို syncing လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးထက်တောင်မှသေးငယ်တဲ့ပုံစံရှိတဲ့ devices တွေကိုရှာနေတဲ့သူ တွေအတွက် အလွန်အဆင်ပြေမှာဖြစ်ပြီး၊ Web တွေကိုလည်းအသုံးပြုနိုင်ပါလိမ့်မယ်။

No comments:

Post a Comment