Monday, March 11, 2013

Google မျက်မှန်နဲ့လှနေတဲ့ ကျွန်တော်

Google က ၂၀၁၃ နှစ်ကုန်ပိုင်းမှာဈေးကွက်ထဲကိုဖြန့်ချိတော့မယ့် နည်းပညာပစ္စည်းအသစ်ဖြစ်ပါတယ်။ Google မျက်မှန် ပါ။ ဒီမျက်မှန်တပ်ဆင်ထားပြီး ဘာတွေလုပ်လို့ရမလဲဆိုတော့ မျက်မှန်ရဲ့မှန်သားမြင်ကနေတစ်ဆင့် သတင်းအချက်အလက်တွေလက်ခံရယူတာ ၊ မျက်မှန်ထဲကနေတစ်ဆင့် အင်တာနက်ကနေ တခြားတစ်ယောက်ကို ရုပ်မြင်ပြီးစကားပြောဆိုတာ ၊ မြေပုံတွေကြည့်တာ ၊ အွန်လိုင်းကနေ website များကြည့်ရှုခြင်း ၊ သတင်းအချက်အလက်များကိုရှာဖွေခြင်းနဲ့ အခြား features များစွာကိုလုပ်ဆောင်နိုင်မှာပါ။

google ရဲ့ CEO ကတော့ ဒီမျက်မှန်က အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်ချင်တဲ့သူတွေ ၊ ကားမောင်းရင်း သတင်းအချက်အလက်ရှာဖွေခြင်း ပြုလုပ်လိုသူတွေအတွက် အထူးသင့်လျော်မှာပါလို့ဆိုပါတယ်။ မိမိနေ့စဉ်လုပ်နေတဲ့အရာတွေကိုလည်း မျက်မှန်ရဲ့ရှေ့က ကင်မရာက မှတ်သားပေးထားပြီး note သဘောမျိုး ၊ schedule list သဘောမျိုးမှတ်သားပေးထားဦးမှာပါ။
မြန်မာကျပ်ငွေ ရှစ်သိန်းခန့်နဲ့ထွက်ရှိလာမယ့် ဒီမျက်မှန်ရဲ့ အကြောင်း လေးကိုအောက်မှာဆက်လက်ကြည့်ရှုကြပါဦး။

Ref: Phandroid

No comments:

Post a Comment