Tuesday, March 5, 2013

iPhone ရဲ့ PassBook ကဲ့သို့ဆော့ဝဲမျိုး Samsung မှလည်း Wallet ဟူသော အမည်ဖြင့်ထုတ်လုပ်

Phone ရဲ့ PassBook ကဲ့သို့ဆော့ဝဲမျိုး Samsung မှလည်း Wallet ဟူသော အမည်ဖြင့်ထုတ်လုပ်လိုက်ပါတယ်။ Apple ရဲ့ Passbook ဆော့ဝဲမှာတုန်းက ရုပ်ရှင်လက်မှတ်များ ၊ လေယာဉ်လက်မှတ်များနဲ့ အခြား ကူပွန်များကို ဖုန်းထဲမှာထည့်သွင်းထားပြီး ဖုန်းကို ticket တစ်ခုအနေနဲ့အသုံးပြုနိုင်စေမယ့် app ဖြစ်ပါတယ်။ အခု Samsung ကလည်း Wallet ဟူသောအမည်နဲ့ ထုတ်လိုက်တာဖြစ်ပါတယ်။ iOS ရဲ့ PassBook လိုပဲ Wallet မှာလည်းလက်မှတ်တွေ ၊ ကူပွန်တွေနဲ့ အခြား ticket များကိုထည့်သွင်းထားပြီး Samsung ဖုန်းများကို ticket တစ်ခုအနေနဲ့အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ မိုဘိုင်းသုံးသပ်သူများကတော့ အဆိုပါ Wallet application မှာ Apple ရဲ့ PassBook ဆော့ဝဲနဲ့ တစ်ထေရာတည်းနီးပါးဆင်တူနေကြောင်း သုံးသပ်ကြပါတယ်။ Wallet app အသစ်အား Samsung မှ Mobile World Congress 2013 တွင်မိတ်ဆက်ပြသခဲ့သည်။
သက်နိုင်စိုး (Myanmar Mobile App Store)

No comments:

Post a Comment