Saturday, March 23, 2013

Microsoft ကုမ္ပဏီက လက်မ ၁၂၀ ရှိ 4K TV ကိုတီထွင်

Microsoft ကုမ္ပဏီရဲ့ Seattle ဌာနချုပ်မှာ Microsoft ရဲ့အသစ်သစ်စက်စက်အဆောက်အအုံဖြစ်တဲ့ Envisioning Center အတွက် ၄င်းတို့ကုမ္ပဏီက ကြီးမားတဲ့ လက်မ ၁၂၀ ရှိ 4K TV ကို Kinect နည်းပညာသုံးဇာတ်လမ်းသွားပြောဆိုမှုပုံ စံမျိုးနဲ့သရုပ်ပြသွားဖို့အတွက်ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။ Microsoft ကုမ္ပဏီက TV ဘေးဘက်ဘောင်တွေရဲ့သေးငယ် ပါးလွှာမှုကိုပြသပြီး ဒီ TV ဟာ ၁၀ နှစ် လောက်မှာ စံပြတစ်ခုဖြစ်လာမယ် လို့ယုံကြည်ပါတယ်။ အိမ်မှာရှိတဲ့ devices တော် တော်များများနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။
Microsoft ကုမ္ပဏီကပုံမှန်အားဖြင့် TV တွေကိုထုတ်လုပ်ရောင်းချဖို့အစီအစဉ်မရှိပါဘူး။ ဒါကြောင့် ဒီ TV ကိုလုပ်ငန်း သုံးအနေနဲ့သီးသန့်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မျက်နှာပြင်အချိုးဟာ 21:9 လောက်ရှိကာ TV ကြည့်တာတွေ၊ ဂိမ်းကစားတာတွေ ပြုလုပ်ဖို့အတွက်အရမ်းကြီး အဆင်မပြေပါနိုင်ဘူး။ ဒါပေမဲ့ Pocket lint အဖွဲ့က TV panel ဟာအလွန်ကြည်လင်ပြတ်သား မှုရှိသလို TV ကိုအနီးကပ်ကြည့်တာတောင် ထင်ရှားပြတ်သားမှုကိုပေးစွမ်းနိုင်တယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြသွားခဲ့ပါ တယ်။

No comments:

Post a Comment