Thursday, March 7, 2013

အသစ်ထွက်မယ့် IPhone 5 သို့ IPhone 6 မှာ Home Button မပါဝင်တော့ဘူးလား

video
Russia နည်းပညာ website တစ်ခုက ကြီးမားတဲ့ screen နဲ့ iPhone 6 concept ဗီဒီယိုကိုပြသလိုက်ပါတယ်။ အဲဒီ iPhone 6 ပုံစံမှာ Screen အရွယ်ကြီးမားပြီး Apple iPhone တို့ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ Home Button ပါဝင်မလာတော့တာကိုတွေ့ရပါတယ်။ iPhone 5 တုန်းကလည်း ကောလဟာလအရင်ထွက်ရှိပေါက်ကြားခဲ့တုန်းက ပုံစံအတိုင်းပဲ အမှန်တကယ်ထွက်ရှိလာခဲ့ပါတယ်။iPhone 6 (သို့) iPhone 5S ကို Screen အရွယ် 4.8 လက်မအရွယ်နဲ့ Home Button မပါဝင်ဘဲ iOS 7 ကိုအသုံးပြုထုတ်လုပ်မယ်ဆိုတဲ့ သတင်းတွေကတော့ ထင်ထင်ရှားရှားထွက်ပေါ်နေခဲ့တာကြာပါပြီ။ ယခု Russia နည်းပညာ site တစ်ခုက လွှင့်တင်လိုက်တဲ့ ဒီဇိုင်းပုံစံကတော့ အလွန်နှစ်ခြိုက်ဖွယ်ရှိပါတယ်။ Home Button မပါဝင်တော့ရင် Home Screen ကိုပြန်ရောက်အောင် ဘယ်လိုနှိပ်တော့မလဲဆိုတဲ့ မေးခွန်းတွေမေးစရာရှိပါတယ်။ ဒီမေးခွန်းအတွက်ကတော့ iOS 5 မှာကတည်းက Home Button အစားသုံးနိုင်မယ့် Assitive Touch လို့ခေါ်တဲ့ on screen button တစ်ခုပါဝင်လာခဲ့သလို iOS 7 မှာလည်း Home Screen ကိုပြန်သွားနိုင်ဖို့ Button မသုံးဘဲ Screen Gestures တစ်ခုခုကိုသုံးပြီး ပြန်သွားနိုင်မယ့် Gestures အသစ်တွေပါဝင်လာဖို့ရှိပါသေးတယ်။ အဲဒါကြောင့် Home Button မပါဝင်လာခြင်းဟာ Screen ကိုပိုကြီးကြီးမားမားထုတ်လုပ်ဖို့ အဆင်ပြေလာစေနိုင်ပြီး Home Button မပါလည်း သုံးလို့။ အဆင်ပြေနိုင်မယ့်အနေအထားပါ။Russia Site “Apple Insider” က ထုတ်ဖော်လိုက်တဲ့ iPhone ဒီဇိုင်းအသစ်ရဲ့ features တွေပုံစံတွေပါဝင်တဲ့ ဗီဒီယို ကိုအောက်မှာလေ့လာကြည့်ရှုကြရအောင်။

No comments:

Post a Comment