Saturday, March 30, 2013

Samsung ဟန်းဆက်အချို့တွင် Lock Screen လုံခြုံရေးအားနည်းချက် ရှာဖွေတွေ့ရှိခဲ့ဟုဆို

LockScreen ပိတ်ထားသည့် Samsung ဟန်းဆက်ပေါ်တွင် ဖွင့်ထားသည့် application များကို အသုံးပြုနိုင်မည့် နည်းလမ်းတစ်ရပ်အား လုံခြုံရေးသုတေသီတစ်ဦးမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အားနည်းချက်သည် ယခုနှစ် အစောပိုင်းက အခြားသုတေသီတစ်ဦးမှ iPhone များပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အားနည်းချက်နှင့် တူညီသည်ဟု ဆိုသည်။ Samsung ဟန်းဆက်ပေါ်ရှိ အားနည်းချက်မှာ အသုံးပြုသူများမှ lock screen ပေါ်တွင် အရေးပေါ် ဖုန်းနံပါတ် ခေါ်ဆိုမည့် အသွင်ပြုလုပ်ပြီး ချက်ချင်း dismiss လုပ်လိုက်သည့်အခါတွင် ဟန်းဆက်၏ settingsmenu, app နှင့် widget တို့ကို အသုံးပြုနိုင်စေသည့်အပြင် ဖုန်းခေါ်ရန်အတွက် dialer ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ အထက်ပါ လုံခြုံရေး အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သညါ့ လုံခြုံရေး သုတေသီ Terence Eden က အားနည်းချက်နှင့် သက်ဆိုင်သည့် ဗီဒီယိုတစ်ခုကို YouTube တွင် တင်ကာ ဖော်ပြခဲ့သည်။ Eden သည် Android 4.1.2 အသုံးပြုထားသည့် Galaxy Note 2 ပေါ်တွင်လည်း စမ်းသပ်မှုပြုလုပ်ခဲ့သော်လည်း ၎င်းအားနည်းချက်မှာ အခြားသော ဟန်းဆက်များတွင်လည်း ရှိကြောင်း သိရသည်။ ၎င်းအားနည်းချက်နှင့် ပတ်သက်ပြီး Eden က Samsung ကုမ္ပဏီထံ ဖေဖော်ဝါရီလက ဆက်သွယ်ပြောကြားခဲ့ပြီး ကုမ္ပဏီမှလည်း အဆိုပါ အားနည်းချက်ကို ပြင်ဆင်နေလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း Eden က ဖွင့်ဟခဲ့သည်။

နောင်နောင်
Ref: CNET Asia

No comments:

Post a Comment